ကောင်းမွန်သောစာအုပ်တစ်အုပ်နှင့် ခွေနေခြင်း
အိုက်စ်လန်နိုင်ငံငယ်လေးသည် စာဖတ်သူများ၏နိုင်ငံဖြစ်သည်။ အစီရင်ခံတင်ပြမှုများအရ ဤနိုင်ငံသည် နှစ်စဉ် စာအုပ်ပုံနှိပ်ထုတ်ဝေမှုနှင့် လူတစ်ယောက်၏ စာဖတ်သည့်အုပ်ရေက အခြားနိုင်ငံများထက် ပိုများကြောင်း တင်ပြထားသည်။ အိုက်စ်လန် နိုင်ငံသားများ၏အလေ့အထမှာ ခရစ္စမတ်အကြိုနေ့တွင် မိသားစု၀င်နှင့်သူငယ်ချင်းများကို စာအုပ်များပေးလေ့ရှိပြီး ညသန်းခေါင်ထိ စာဖတ်ကြသည်။ ဤအလေ့အထသည် သွင်းကုန်များကို ကန့်သတ်ထားပြီး စက္ကူများ စျေးပေါပေါနှင့်ရသော ဒုတိယကမ္ဘာစစ် အချိန်ကတည်းက ရှိခဲ့သည်။ ဆောင်းဦးနှောင်းပိုင်းတွင် အိုက်စ်လန်မှ ပုံနှိပ်ထုတ်ဝေသူများသည် အသစ်သောစာစဉ်များဖြင့် စျေးကွက်ကျဆင်းအောင် စတင်လုပ်ခဲ့သည်။ ယခုအခါ နိုင်ငံ၏အသစ်ထွက်ရှိသော စာအုပ်စာရင်းကို နိုင်ငံတွင်းရှိအိမ်တိုင်းသို့ နို၀င်ဘာလလယ်ခန့်တွင် ပေးပို့ကြသည်။ ဤအလေ့အထကို ခရစ္စမတ်စာအုပ်ပွဲတော်ဟုခေါ်ကြသည်။
အခြားသူများကို ပညာပေးရန်၊ တွန်းအားပေးရန်၊ လှုံဆော်ပေးရန်၊ ကောင်းမွန်သောပုံပြင်၊ အကြောင်းအရာ၊ ဇာတ်လမ်းကို ဖန်တီးနိုင်စွမ်းရှိသူများကို ဘုရားသခင် ကောင်းချီးပေးထားခြင်းအတွက် ကျွန်ုပ်တို့ ကျေးဇူးတင်သင့်သည်။ စာအုပ်ကောင်းတစ်အုပ်နှင့် တူသောအရာဘာမှမရှိပါ။ ရောင်းအားအကောင်းဆုံးစာအုပ်ဖြစ်သည့် သမ္မာကျမ်းစာ၌ စာရေးသူများစွာတို့က “ကဗျာ၊ စကားပြေ၊ ဇာတ်လမ်းကောင်းများ၊…
အသက်ရှူတစ်ရှိုက်နှင့်ဘဝ၏တိုတောင်းမှု
မေမေနှင့် ကျွန်မတို့ညီအစ်မသည် ဖေဖေ၏ကုတင်ဘေးတွင် ရှိနေပြီး၊ ဖေဖေ၏ အသက်ရှူမှုသည် တဖြည်းဖြည်းနှေးလာပြီး အပြည့်အဝမရှူနိုင်တော့ဘဲ နောက်ဆုံး အသက်ရှူရပ်သွားသည်။ ဘုရားသခင် စောင့်ကြိုနေသည့်အရပ်သို့ ဖေဖေညင်သာစွာထွက်သွားသည်အချိန်တွင် အသက် ၈၉ နှစ်ရှိနေပြီဖြစ်သည်။ သူ၏ထွက်ခွာခြင်းသည် အိမ်တွင် တစ်ခုခုလစ်ဟာနေသကဲ့သို့ခံစားရစေပြီး သူ၏အမှတ်တရများအားဖြင့် ကျွန်မတို့သူ့ကို သတိရမိသည်။ တစ်နေ့သောအခါ ဖေဖေနှင့်ပြန်လည်ဆုံစည်းကြမည်ဟု ကျွန်မတို့မျှော်လင့်ခြင်းရှိပါသည်။
ကျွန်မတို့ ထိုကဲ့သို့မျှော်လင့်ခြင်းရှိရခြင်းမှာ ဖေဖေ့ကိုချစ်သော အဘ ဘုရားသခင်နှင့်အတူ သူရှိနေကြောင်း ကျွန်မတို့ယုံကြည်ခြင်းကြောင့်ဖြစ်သည်။ ဖေဖေပထမဆုံးအသက်ရှူသွင်းချိန်တွင် ဘုရားသခင်သည် သူ၏အဆုတ်ထဲ သို့ အသက်ကို မှုတ်သွင်းပေးခဲ့သည်(ဟေရှာ ၄၂:၅)။ ပထမဆုံးအသက် မရှုသွင်းမီသာမက သူ့ဘဝတစ်လျှောက်လုံး အသက်ရှူရှိုက်သည့်အခါတိုင်း ဘုရားသခင်သည် သင်နှင့်ကျွန်မတို့၏ဘဝ၌ပြုသကဲ့သို့ပင် ဖေဖေ့ဘဝ၏ အသေးစိတ်ကဏ္ဍများထိတိုင် ပါဝင်လုပ်ဆောင်နေသည်။ ဖေဖေ့အား သူ၏ အမိဝမ်းထဲမှာ ဖုံးအုပ်တော်မူ၍ အံ့ဖွယ်သောအမှုများ ပြုပေးသူသည် (ဆာ ၁၃၉:၁၃-၁၄) ဘုရားသခင်သာလျှင်ဖြစ်သည်။ ဖေဖေ၏နောက်ဆုံး ထွက်သက်၌လည်း ကိုယ်တော်၏ဝိညာဉ်သည်…
လူတိုင်းဦးဆောင်လမ်းပြသူကို လိုအပ်သည်
ကြီးကြပ်ရေးမှူးအသစ်၏ရုံးခန်းအတွင်းသို့ ဝင်ရောက်စဉ် သတိကြီးစွာထား လျက်၊ ထိတ်လန့်တုန်လှုပ်သည့်ခံစားချက်ကို ကျွန်မခံစားရသည်။ ယခင် ကြီးကြပ်ရေးမှူးသည် ကျွန်မတို့ဌာနအပေါ် ကြမ်းတမ်းခက်ထန်စွာ မညှာမတာ ဆက်ခံခဲ့သောကြောင့် ကျွန်မနှင့် အခြားသူတို့ မကြာခဏ မျက်ရည်ကျခဲ့ရသည်။ “ယခုကြီးကြပ်ရေးမှုအသစ်က ဘယ်လိုလူမျိုးဖြစ်မလဲ”ဟု တွေးမိသည်။ ရုံးခန်း ထဲသို့ရောက်သော် သူက ကျွန်မကို နွေးထွေးစွာကြိုဆိုပြီး၊ ကျွန်မအကြောင်းနှင့် ပြဿနာများအကြောင်း ပြောပြခိုင်းသောကြောင့် ကျွန်မ၏မျက်ရည်များ လွင့်ပြယ်သွားသည်ဟုထင်ရသည်။ သူ၏ ဂရုတစိုက်နားထောင်မှု၊ ကြင်နာသော အပြုအမူ၊ နူးညံ့သောစကားများကြောင့် အမှန်ဂရုစိုက်ကြောင်း ကျွန်မသိခဲ့သည်။ ခရစ်တော်ကို ယုံကြည်သူတစ်ဦးအနေဖြင့် သူသည် ကျွန်မ၏လုပ်ငန်းခွင်မှဆရာ၊ ခွန်အားပေးသူ၊ မိတ်ဆွေတစ်ဦးဖြစ်လာခဲ့သည်။
ရှင်ပေါလုသည် “သူ၏ယုံကြည်ခြင်းအားဖြင့် သားစစ်”(တိတု ၁:၄) ဖြစ်သော တိတုအတွက် ဝိညာဉ်ရေးရာဆရာဖြစ်သည်။ အသင်းတော်တွင် တိတုထမ်းဆောင် ရသည့်ကဏ္ဍအတွက် အထောက်အကူပြု လမ်းညွှန်ချက်နှင့်မစမှုများကို တိတုထံသို့ သူရေးသောစာ၌ ညွှန်ကြားပေးသည်။ “စင်ကြယ်သောဩဝါဒနှင့် ထိုက်တန်သမျှတို့ကို ဟောပြောရန်(၂:၁)”၊…
အလှည့်စား မခံရစေနှင့်
အပြင်တောင်ပံတွင် အစက်လေးများပါပြီး အတွင်းတောင်ပံများတွင်မူ အနီရောင် တောက်တောက် အကွက်အပြောက်များနှင့် မီးစုန်းပိုးမှာ လှပသည့် အင်းဆက်ပိုး ဖြစ်သည်။ သို့သော် ၎င်း၏အလှက အတော်လှည့်စားသည်။ ဤအင်းဆက်ပိုးကို အမေရိကန်နိုင်ငံတွင် ၂၀၁၄ ခုနှစ်၌ ပထမဆုံးတွေ့ရှိခဲ့ပြီး မြောက်အမေရိကသို့ ထိုးဖောက်ဝင်ရောက်လာသည်ဟု ယူဆကြသည်။ ဆိုလိုသည်မှာ ၎င်းသည် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ဖျက်ဆီးနိုင်စွမ်းရှိသည့်အဓိပ္ပာယ်ပင်။ မီးစုန်းပိုးသည် ချယ်ရီပင်နှင့် အခြားသောသစ်သီးပင်တို့ အပါအဝင် “သစ်မာပင် များ၏ အတွင်းသားအူတိုင်တို့ကို စားသုံးပြီး” မှိုစွဲစေသော စေးကပ်သည့် အကျိအချွဲကို ချန်ရစ်ထားကာ အပင်များကို ချက်ချင်းသေစေသည် (သို့) အသီးမသီးနိုင်တော့အောင် အားယုတ်သွားစေသည်။
အာဒံနှင့်ဧ၀ အကြောင်း၌လည်း အခြားသောကြောက်မက်ဖွယ်အန္တရာယ် နောက်တစ်မျိုးကို ကျွန်ုပ်တို့ လေ့လာသင်ယူရသည်။ ဘုရားသခင်အား နာမခံဘဲ တားမြစ်ထားသည့် အသီးကိုစားသုံးပါက “ဘုရားသခင်ကဲ့သို့ဖြစ်မည်” (က ၃:၁-၇) ဟု စာတန်တည်းဟူသော မြွေသည် လင်မယားနှစ်ဦးကို…
အမှောင်ထဲမှ အလင်းတစ်ကွက်
ကျွန်မတို့ဇနီးမောင်နှံသည် ဝိုင်ယိုးမင်းတောင်ပေါ်ရှိ ထောင့်တစ်နေရာကို လေ့လာ စူးစမ်းကြစဉ် ဆူးပင်ပေါက်၊ ရှားစောင်း စသည်တို့သာ ပေါက်ရောက်သည့် ကျောက်ပေါသည့် ခြောက်သွေ့မြေတွင် နေကြာပင်တစ်ပင်ကို တွေ့လိုက်ရသည်။ အိမ်တွင်းအလှစိုက်နေကြာလောက် အပင်မမြင့်သော်လည်း တောက်ပစွာ ပွင့်လန်းနေသဖြင့် ကြည့်ရင်း ကျွန်မအားရနှစ်သက်မိပါသည်။
ခြောက်သွေ့ကြမ်းတမ်းသောမြေ၌ မြင်ရသည့် မျှော်လင့်မထားသည့် အရောင် တောက်တောက်လေးက ဘဝအသက်တာဟူသည် သခင်ယေရှုကိုယုံကြည်သူ များ၏ အသက်တာပင်လျှင် ခြောက်သွေ့လျက် လန်းဆန်းမှုမရှိသကဲ့သို့ပုံပေါ်နေကြောင်း သတိပေးလာသည်။ ဒုက္ခအခက်အခဲများက ဆာလံဆရာဒါဝိဒ် ဟစ်အော်သကဲ့သို့ပင် ကျွန်မတို့၏ဆုတောင်းသံများကို မည်သူမျှမကြား၊ ဂရုမစိုက် သည့်ပုံပေါ်နေသည်။ “အိုထာဝရဘုရား၊ နားတော်ကိုလှည့်၍ အကျွန်ုပ်စကားကို နားထောင်တော်မူပါ။ အကျွန်ုပ်သည် ဆင်းရဲငတ်မွတ်ပါ၏” (ဆာ ၈၆:၁)။ သူ့နည်းတူ ကျွန်မတို့လည်း ဝမ်းမြောက်ခြင်းကို တောင့်တမိပါသည်(:၄)။
သို့သော် ကျေးဇူးပြုတတ်သော၊ ကရုဏာနှင့်သစ္စာကြွယ်ဝသောဘုရား (:၁၅)၊ သူ့ထံပတ္ထနာပြုသူအပေါင်းတို့အပေါ် ကရုဏာကြွယ်ဝလျက် (:၅)၊ ထူးတော်မူသော ဘုရား(:၇) ကို…
စိတ်နှလုံးတွင်
သူငယ်လေးတစ်ဉီးသည် ကျောင်း၌ စိန်ခေါ်မှုအချို့ကို ရင်ဆိုင်ရပြီးနောက် သူ့အဖေက မနက်တိုင်းကျောင်းမသွားမီ ရွတ်ဆိုရမည့် သစ္စာအဓိဌာန်တစ်ပုဒ်ကို သင်ပေးသည်။ “ယနေ့မနက် နိုးထခွင့်ပေးသည့်အတွက် ဘုရားသခင်ကိုကျေးဇူး တင်ပါ၏။ ယခု ကျောင်းသွားကာ စာသင်ပါမည်။ …ကိုယ်တော်ဖန်ဆင်း၍ဖြစ်စေ လိုသည့် ခေါင်းဆောင်တစ်ဦးဖြစ်ပါမည်။” ထိုသစ္စာအဓိဌာန်သည် ဖခင်တစ်ဉီးက သားဖြစ်သူအား သူ့အသက်တာတွင် လက်တွေ့လိုက်လျှောက်နိုင်ရန်နှင့် ဘဝတွင်သွေဖယ်မရသော စိန်ခေါ်မှုကို ရင်ဆိုင်ဖြေရှင်းရန်ရာ၌ အသုံးချနိုင်အောင် ကူညီပေးခြင်းဖြစ်သည်။
ထိုနည်းအားဖြင့် သား၏မှတ်ဉာဏ်ထဲစွဲပြီး ထိုအဓိဌာန်အတိုင်း လိုက်လျှောက် နိုင်အောင် ဖခင်က စောင်မသည်။ ၎င်းသည် သဲကန္တာရထဲတွင် ဣသရေလလူမျိုး များအား ဘုရားရှင် မိန့်မှာသည့် "ယနေ့ငါမှာထားသောစကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်(တရား ၆:၆-၇) ဟူသည့်ပညတ်ကို နာခံလုပ်ဆောင်ခြင်းပင်ဖြစ်သည်။
သဲကန္တာရတွင် အနှစ် ၄၀ကျင်လည်ရပြီးနောက် ဣသရေလ၏နောက်မျိုးဆက် တစ်ဆက်သည် ကတိတော်ပြည်သို့ဝင်ရောက်ရန် အချိန်ကျရောက်လာပြီဖြစ်သည်။ သူတို့သည် ဘုရားရှင်ကို ဗဟိုမပြုပါက…
တစ်ဉီးကို တစ်ဉီးအတွက်
“ကျွန်မသူ့ကို ဂရုစိုက်တယ်။ သူပျော်နေရင် ကျွန်မပျော်တယ်”ဟု စတယ်လာ ပြောရာ၊ “သူကျွန်တော့်အနားမှာ ရှိနေရင် ကျွန်တော်ပျော်တယ်”ဟု မားလ် ကလည်း ဆိုသည်။ မားလ်နှင့် စတယ်လာ တို့သည် အိမ်ထောင်သက် ၇၉ နှစ်ရှိပြီ ဖြစ်သည်။ မကြာမီကမှ မားလ် ကို ဘိုးဘွားရိပ်သာသို့ပို့ခဲ့ပြီး ထိုနေရာ၌ သူမပျော် ကြောင်းပြောသဖြင့် စတယ်လာ မှာ ဝမ်းပန်းတသာ သူ့ကို အိမ်သို့ပြန်ခေါ်ခဲ့သည်။ မားလ် ၏အသက်မှာ ၁၀၁ နှစ် ရှိပြီး စတယ်လာ က ၉၅ နှစ် ဖြစ်သည်။ စတယ်လာ သည် တုတ်ကောက်ကို အမှီပြုပြီးသွားလာနေရသော်လည်း ခင်ပွန်းအကြိုက် အစားအစာကို ပြင်ဆင်စီမံခြင်း စသည့် သူလုပ်ပေးနိုင်သောအရာကို အမြတ်တနိုးလုပ်ပေးသည်။ သူဘာသာသူ လုပ်ပေးခြင်းတော့မဟုတ်ပါ။ မြေးများနှင့် အိမ်နီးချင်းများက သူ့ကို ကူညီ လုပ်ပေးရသည်။
စတယ်လာ နှင့်…
သတိရအောက်မေ့ခြင်း
သတိရအောက်မေ့ဖွယ်နေ့တွင် ယခင်စစ်မှုထမ်းဟောင်းများ အထူးသဖြင့် ဒုတိယကမ္ဘာစစ်အတွင်း တပ်မတော်တွင်အမှုထမ်းခဲ့သော ကျွန်မအဖေနှင့်ဉီးလေးတို့၏ အကြောင်းကို စဉ်းစားမိသည်။ သူတို့က အိမ်ပြန်ရောက်ခဲ့သော်လည်း ထောင်ပေါင်း များစွာသော မိသားစုများတွင် တိုင်းပြည်အတွက် အမှုထမ်းသော သူတို့ချစ်ရသူများကို ကြေကွဲစွာ ဆံုးရှုံးခဲ့ကြရသည်။ သို့သော် အဖေနှင့်ထိုခေတ်က စစ်သားအများစုကို မေးမြန်းသောအခါ မှန်ကန်ရာအတွက်၊ သူတို့ယံုကြည်ရာအတွက် ရပ်တည်ပြီး သူတို့ ချစ်ရသူများကို ကာကွယ်ရန် အသက်ကို စွန့်လွှတ်ဝံ့သည်ဟုဖြေကြသည်။
တိုင်းပြည်ကို ကာကွယ်ရင်းနှင့် တစ်စံုတစ်ယောက်သေဆံုးသွားသည့်အခါ ၎င်း၏စွန့်လွှတ်စွန့်စားမှုကို ဂုဏ်ပြုသည့်အနေဖြင့် “ကိုယ်အဆွေတို့အဖို့အလိုငှာ ကိုယ်အသက်ကို စွန့်ခြင်းမေတ္တာထက်သာ၍ မြတ်သောမေတ္တာသည် အဘယ်သူ၌မျှ မရှိ” ဟူသည့် (ယော ၁၅:၁၃) ကျမ်းပိုဒ်ကို စျာပနဝတ်ပြုကိုးကွယ်ခြင်းတွင် ရွတ်ဖတ် လေ့ရှိသည်။ သို့သော် ဤကျမ်းပိုဒ်၏နောက်ခံအခြေအနေမည်သို့ရှိပါသနည်း။
နောက်ဆံုးညစာစားပွဲ၌ ဤစကားကို တပည့်တော်များအား သခင်ယေရှု မိန့်ကြားသည့်အချိန်သည် သူကားတိုင်ပေါ်တက်ခါနီးအချိန်ဖြစ်ပြီး သူ့တပည့်တော် ထဲမှ တစ်ဉီးဖြစ်သူ ယုဒရှကာယုတ်သည်…
ဝေဒနာခံရချိန်၌ ခွန်အားရှိခြင်း
၁၉၄၈ ခုနှစ်တွင် မြေအောက်အသင်းတော်တစ်ခု၏ သင်းအုပ်ဆရာ ဟဲရာလန် ပိုပို့ဗ် အား မေးမြန်းစရာရှိသည်ဟုဆိုကာ သက်ဆိုင်ရာမှ လာရောက်ခေါ်ဆောင်သွားသည်။ နှစ်ပတ်ကြာပြီးနောက် အထပ်ထပ်အဆင့်ဆင့် စစ်ဆေးမေးမြန်းခံရပြီး ၁၀ ရက် အစာဖြတ်ခံရသည်။ သူလျှိုမဟုတ်ပါဟု သူငြင်းလိုက်တိုင်း ရိုက်နှက်ခံရသည်။ ပြင်းထန်စွာ နှိပ်စက်ခံရလည်း ပိုပို့ဗ် သည် အသက်မသေရံုသာမက အကျဉ်းကျခံရ သူချင်းတို့အား သခင်ယေရှုထံ ပို့ဆောင်နိုင်ခဲ့သည်။ နောက်ဆုံး ၁၁ နှစ်အကြာတွင် ထောင်မှလွတ်ပြီး သူ၏ယံုကြည်ခြင်းကို ဆက်လက်မျှဝေသည်။ နောက်ထပ် ၂ နှစ် အကြာတွင် ထိုနိုင်ငံမှထွက်ခွာခွင့်ရပြီး သူ့မိသားစုနှင့် ပြန်လည် ပေါင်းစည်းနိုင်ခဲ့သည်။ ထိုနောက်တွင် ဟောပြောဝေငှခြင်း၊ တံခါးပိတ်နိုင်ငံများတွင် သမ္မာကျမ်းစာဝေငှရန် ရံပံုငွေရှာဖွေစုဆောင်းခြင်းဖြင့် သူ့အသက်တာကို ကုန်လွန်စေခဲ့သည်။
ခေတ်အဆက်ဆက် မရေမတွက်နိုင်လောက်သော သခင်ယေရှုကို ယံုကြည်သူ များ နည်းတူ ပိုပို့ဗ် သည် သူ့ယံုကြည်ခြင်းကြောင့် ညှဉ်းပန်းနှိပ်စက်ခြင်းခံခဲ့ရသည်။ ခရစ်တော်ကိုယ်တိုင်…
ပြန်လည်ဆံုတွေ့ရချိန်တွင်
စစ်မှုထမ်းသွားနေသည့် ဖေဖေ့ထံမှ လက်ဆောင်ဘူးကို သူငယ်လေးက ဖွင့်လိုက်သည်။ ဖေဖေသည် သူ့မွေးနေ့အမီပြန်မရောက်နိုင်ဟု သူသိထားသည်။ ဘူးထဲ၌ နောက်ထပ် ထုတ်ပိုးထားသည့်လက်ဆောင်ကို သူထပ်ဖြည်ကြည့်ပြန်ရာ “အံ့ဩသွားလား” ဟူသည့် စာရွက်ကိုတွေ့ရ၍ ဘာမှန်းမသိနားမလည်နိုင်ဖြစ်သွားသည်။ သူ့ခေါင်းကို ပြန်မော့ လိုက်စဉ် အခန်းထဲဝင်လာသည့် ဖေဖေ့ကို တွေ့လိုက်ရသည်။ မျက်ရည်နှင့် ဖေဖေ့ လက်ပေါ်ခုန်တက်ရင်း “ဖေဖေ့ကိုသားလွမ်းလိုက်တာ၊ ဖေဖေ့ကို သားချစ်လိုက်တာ” ဟု သူငယ်လေးအော်ပြောလိုက်တော့သည်။
မျက်ရည်ဝဲရသော်လည်း ဝမ်းမြောက်ဖွယ်ပြန်လည်တွေ့ဆံုမှုလေးက အသစ်သော ဖန်ဆင်းခြင်းအချိန်တွင် ဘုရားသားသမီးများ အဘခမည်းတော်နှင့် ပြန်လည်တွေ့ရမည့် ဘုန်းအသရေနှင့် ပြည့်သောအချိန်ကို မြင်ယောင်မိစေသည်။ ၎င်းကို ဗျာဒိတ် ၂၁ တွင် အဓိကဖော်ပြထားသည်။ “ဘုရားသခင်သည်”(ကျွန်ုပ်တို့) မျက်စိ၌ မျက်ရည်ရှိသမျှကို သုတ်ပေးမည်။ ကောင်းကင်ဘံုရှင်အဘနှင့်အတူရှိရမည်ဖြစ်၍ နာကျင်ကြေကွဲမှု များကို ကျွန်ုပ်တို့ မခံစားရတော့ပါ။ ဗျာဒိတ် ၂၁ တွင် “ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ…